Thursday, August 23, 2012

Android ဖုန်းတွေအတွက် EasyTether pro ဖြင့် PC ကိုအင်တာနက် မျှသုံးရအောင်



စက်ရုပ်ဖုန်း ကိုင်ဆောင်ထားတဲ့သူတွေအတွက်ပါ..။မိမိဖုန်းအင်တာနက်ကို  ကွန်ပြူတာကို ဘယ်လို မျှသုံးမလဲမေးနေသူတွေအတွက်…

(တစ်ချို့ bullet-in android phone တွေမှာ မပါတဲ့သူတွေအတွက်ပါ….)
ဖုန်းကနေ ကွန်ပြူတာကို ပြန် share ပေးနိုင်မဲ့ EasyTether pro ဆိုတဲ့ Android
app လေးတစ်ခုဖြစ်ပါတယ်…။ 



အရင်ဆုံးပြောချင်တာကတော့ Root မလုပ်ထားလဲ သုံးလို့ရတယ်ဆိုတာပါပဲ။ဘယ်လို သုံးမလဲဆိုတော့…အရင်ဆုံး EasyTether_0.9.3.apk ဆိုတာလေးကိုဖုန်းထဲမှာ install လုပ်ပြီးတော့ မိမိသုံးမဲ့ ကွန်ပြူတာ က
(Windows 7/Vista/XP 64-bit/32-bit, Mac OS X 10.4/10.5/10.6/10.7,Ubuntu 10.4+, Fedora 13+) စသည်တို့မှာ လဲ EasyTether driver လေးကို install လုပ်ထားဖို့လိုပါတယ်…


( ကွန်ပြူတာတွင် driver install လုပ်ထားပြီး သူများ ဖုန်းတွင်ဒေါင်းစရာမလိုတော့ပါ )ဒေါင်းလုပ်လင့်များကို အောက်တွင် ဖေါ်ပြပေးထားပါတယ်…အသုံးပြုနည်းကတော့ လွယ်ပါတယ်.. ဖုန်းတွင်EasyTether ကိုဖွင့်၍ USB( Enable USB tethering service ) ဆိုတာမှာ အမှန်ခြစ်ပေး၍ ထားပါ။


ကွန်ပြူတာတွင်လဲ ညာဘက်အောက်နား တွင် မိမိ install လုပ်ထားသော EasyTether icon လေးတွင် ညာဘက် ကလစ်နှိပ်၍ setting ထဲတွင်ပြင်ဆင်နိုင်ပါတယ်……


(အလွန်အဆင်ပြေပါတယ်...... လက်ရှိကျွန်တော်သုံးနေပါတယ်...မူရင်းလင်ကတော့ myanmar mobile App ကဖြစ်မယ်ထင်တယ်.... မူရင်းပိုင်ရှင်များလဲ ကြိုတင်ခွင့်မတောင်းမိတဲ့အတွက် နားလည် ခွင့်လွှတ်ပေးဖို့ ဒီနေရာလေးကပဲတောင်းပန်ပါတယ်။)


ရွှေပြည်စိုး (24/8/2012)(10း56)AM

No comments:

Post a Comment