Thursday, March 6, 2014

Deep Sleep Battery Saver Pro v 2.2 for android(latest version)


Android phone/Tablet ကိုင်ဆောင်သူများအတွက် မိမိတို့ဖုန်း/Tablet များရဲ့ Battery Life Time ကို အချိန်ကြည်ရှည်အောင် ထိန်းထားပေးနိုင်မယ့်  Deep Sleep Battery Saver Pro v 2.2 (မတ်လ ၆ ရက်)ဗားရှင်းအသစ် ထွက်ရှိလာပြန်ပါပြီ..ဒီဆော့ဝဲလ် လေးကို မိမိတို့ဖုန်းထဲမှာ ထည့်သွင်းထားခြင်း အားဖြင့် မိမိတို့ဖုန်းဘက်ထရီ သိသိသာသာ ပိုသုံးစွဲလာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ် ..ဘက်ထရီ အားအကုန်လွယ် သူတွေ ၊ Battery life time ကို စနစ်တကျ မသုံးစွဲတတ်သူတွေ အတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ် ..ဒါအပြင် ဖုန်းရဲ့ Status bar မှာ ထားရှိမယ့် Battery Icon Style ကိုလည်း မိမိစိတ်ကြိုက်ပြောင်းလဲ တပ်ဆင်လို့ရသလို မိမိအသုံးပြုထားတဲ့သမျှကိုလည်း Show logs အနေနဲ့ပြသပေးမှာ ဖြစ်ပါတယ် ..ဒီဆော့ဝဲလ် လေးကို  Google play မှာ 1.99 ဒေါ်လာနဲ့ ၀ယ် ယူ သုံးစွဲရမှာ ဖြစ်ပြီး  Myanmar Mobile App Store မှာ Freedownload ရယူ သုံးစွဲနိုင်ပါပြီ။
ဆော့ဝဲလ်အားရယူရန်

Tuesday, June 25, 2013

Android ဖုန်းများအတွက် နောက်ဆုံးပေါ် Driver အချို့စုစည်းမှု Android USB Drivers for Windows / Mac / Linux OS




မိတ်ဆွေများအတွက် Android နဲ့ PC ချိတ်ဆက်ဖို့ နောက်ဆုံးထွက် Official Driver တွေကို တင်ပေးလိုက်ပါတယ်..  Windows , Mac , Linux OS တွေအတွက်ဖြစ်ပါတယ်.. Latest Official Driver ဖြစ်တာကြောင့် အရင်က မသိတဲ့ Driver တွေကိုလည်း ဒီမှာ အဆင်ပြေစေမှာပါ.. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး လက်တည့်စမ်းနေသူများ၊ လေ့လာနေသူများ၊ Service သမားများ အဆင်ပြေစေမှာဖြစ်ပါတယ်..





Search for product > Resources > Download driver.

Bridge for Mac

**********

For connecting any Android Device in Computer, we need USB drivers. This includes, using the device for development which requires Android SDK USB drivers, ADB and Fastboot drivers, transferring media content and files to your phone storage etc. It is recommended to have these Android device drivers before hand so you can easily install them or use whenever needed.
You can download the Android USB drivers for Windows (Android phones and tablets, ADB and Fastboot) mostly from the official websites of device manufactures, but in cases if you cannot find the official USB driver of your Android Devices , we have compiled a list of all the major manufactures and links to their USB drivers / PC Suite (which includes the driver). These are the Android phone drivers for Windows XP/ Windows 7 / Windows 8 and Mac OS X.

အဆင်ပြေကြပါစေ

Monday, June 17, 2013

Jelly Beam Theme With Fonts ( Root မလိုဘဲမြန်မာစာထည့်နည်း )

 ကဲ ဒီတခါတော့ ကျွန်တော် တင်ပေးမှာကတော့ အခုနောက်ပိုင်းလာသော Huawei Jelly Beam တွေမှာ မြန်မာစာဖောင့်အတွက်က root မလိုဘဲ theme ဖိုင်ကနေ မြန်မာလိုပေါ်အောင် လုပ်လို့ရလာပါတယ်ခင်ဗျ။
           ကဲစလိုက်ရအောင်ဗျာ။ ကျွန်တော်တင်ပေးတဲ့ ဖိုင်ကိုဒေါင်းလိုက်ပါခင်ဗျာ။

Click Here To Download
                       

zip ကိုဖြည်ပြီး usb debugging ဖွင့်ပြီးကြိုးထိုးလိုက်ပါခင်ဗျာ။ ပြီးရင် mytools.bat ကို run လိုက်ပါ ။ theme & keyboard ကို သွင်းပေးပါလိမ့်မယ်ခင်ဗျာ။ ပြီးရင်တော့ ပုံလေးတွေကြည့်ကာ font change ပေးလိုက်ပါ ခင်ဗျာ။  ကျွန်တော်လဲ ဘယ်သူရေးထားလဲတော့မသိတော့ဘူး ပြန်ပြင်ထားပါတယ် နော်။ ဒါပေမယ့် credit ပေးပါတယ် သက်ဆိုင်သူ များကို .:P







restart ကျပြီးပြန်တက်လာရင် frozen keyboard pro ချိန်းကာ ရိုက်လို့ရပါပြီခင်ဗျာ.............
credit-Rainbow

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

လုပ်နည်းလေးကတော့ကျွန်တော်ရင်းနှီးတာကြာပါပြီ သုံးချင်တဲ့သူငယ်ချင်းတွေသုံးလို့ရအောင်မျှဝေပေးလိုက်ပါတယ်
သုံးတတ်ရင်သုံးတတ်သလို  ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

 

ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်းလိုက်ပါနော်
Download link_     http://www.mediafire.com/?dpzgdjj33am2a34
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb ကိုအောက်မှာဒေါင်းလိုက်နော်
Download link_    http://www.mediafire.com/?t5o16i4cojy897c
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Download link_     http://www.mediafire.com/?3cqoktua75zlpfq
၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။
၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)
၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။
၅။  ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။

၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  ဖုန်းထဲက System>framework-res.apk ကို ကွန်ပျူတာထဲ copy ကူးပြီး အဲဒီဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။
၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။) ၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန် link_    http://www.mediafire.com/?s9iuben1r1b0rqa
၂၈။ 7zip software ဒေါင်းရန် link_    http://www.mediafire.com/?4liv0p0g9l7ty2x
၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ 7zip  software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးဘဲအစဉ်ပြေကြပါစေနော် မောလိုက်တာနော် ဟိဟိ
Note++ Software အားရယူရန်_   http://www.mediafire.com/?hcmwiomc5m8ctfm
Ref:www.myanmarmobileapp.com
လက်ခုပ်သံမလိုချင်ပါဘူးသူငယ်ချင်းတို့ဗဟုသုတ၁ခုတိုးသွားရင်ကျေနပ်ပါတယ်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
သူများတွေထက်ပိုလန်းချင်ရင်တော့ နဲနဲတော့အပင်ပန်းခံရတယ်ဗျ ဟိဟိ ကြိုးစားလုပ်ကြည့်လိုက်နော်

Thursday, June 13, 2013

ကိုယ့်ဖုန်းထဲကနေ တစ်ခြားဖုန်းထဲက ph call, misss call, msg, contact list တွေကို လှမ်းကြည့်မယ်

ကိုယ့်ဖုန်းထဲကနေ တစ်ခြားဖုန်းထဲက ph call, misss call, msg, contact list တွေကို လှမ်းကြည့်လို့ရပါတယ်
တစ်ခြား feature တွေကတော့ vibrate, silent, Flightmode, လုပ်လို့ရပါတယ် ပိုမိုက်တာက အဲ့ဖုန်းမှာ Internet ဖွင့်ထာုးရင် GPS location လှမ်းကြည့်လို့ရတဲ့အထိ မိုက်ပါတယ်
ဒီ apk ကိုသုံးမယ်ဆိုရင်တော့ ကိုယ် ဖုန်းနဲ့ သူ့ဖုန်း ၂ လုံးစလုံး မှာ ဒီ apk ကို install လုပ်ထားဖို့လိုပါတယ်
ပထမအဆင့်အနေနဲ့ သူ့ဖုန်းထဲမှာ သူမသိအောင် ဒီ apk ကို install လုပ်ပါ
ပီးရင် run လိုက်ပီးတော့ password setting လုပ်ပါ (e.g password – 123456 )
ဒုတိယအဆင့်ကတော့ ကိုယ်လုပ်ချင်တဲ့ command ကို ရိုက်ပီးတော့ သူ့ဖုန်းကို sms ပို့လိုက်ပါ
ခဏနေရင် Automatic SMS ပြန်လာပါလိမ့်မယ်…..
ဥပမာဗျာ……..သူ့ဖုန်းထဲ ၀င်လာတဲ့ missed calls တွေကို သိချင်တယ်ဆိုရင်
ကိုယ့်ဖုန်းထဲကနေ ပီးတော့ 123456.getMissedCalls[5] ဆိုပီးတော့ သူ့ဖုန်းထဲကို SMS ပို့လိုက်ပါ
ခဏနေရင် sms ပြန်လာပါလိမ့်မယ်….အဲဒါက သူ့ဖုန်းထဲကို ၀င်ထားတဲ့ missed call ၅ ခု ပါ။ ဖုန်းနံပါတ်ပါ ပါတယ်နော်….
application ရဲ့ command list ထဲမှာ Missed call ဆို ဘယ်လိုcommand, outgoing call ဆိုရင် ဘယ်လို command ရိုက်ဆိုပီး ရေးပေးထားပါတယ်။
စမ်းသပ်ကြည့်လိုက်ပါဦး………..
သမီး ရည်းစားတွေ ရန်ဖြစ်ရင်တော့ အနော် နဲ့ ဆိုင်ဘူးနော်……….
ဒါကတော့ download link ပါ
https://www.dropbox.com/s/77ozlpe4aexehtl/SMS%20Commander%20%281.22%29.apk

Monday, June 10, 2013

Root Tool အသစ်လေးပါ

 one click root Tool လေးပါ ခါတိုင်းလိုပဲ Root နေကြပုံစံလေးအတိုင်း လွယ်လွယ်ကူကူ လုပ်ရုံပါပဲ။ တစ်ခုတော့ရှိပါတယ် ဆော့ဝဲလ်လေးကို install လုပ်ပြီး လိုအပ်မဲ့ဖိုင်တွေ install ဆက်လုပ်ဖို့ အင်တာနက် ကော်နက်ရှင်ရှိဖို့တော့လိုအပ်ပါတယ်။ အားလုံး complet ဖြစ်ရင်တော့ အသုံးပြုလို့ရပါပြီခင်ဗျာ။ အမျိုးအစား စုံစုံလင်လင်လေး ကို root လို့ရပါတယ် Huawei D2 တို့ HTC Droid DNA တို့တောင် root လို့ရပါတယ်လို့ ဆိုထားပါတယ်ခင်ဗျာ။ စမ်းသပ်အသုံးပြုလို့ရအောင် ပြန်လည်ဝေမျှပေးတာပါ။ 
Root လုပ်လို့ အောင်မြင်သွားတယ်ဆိုရင်တော့ ဒီလိုပုံလေးပေါ်လာမှာပါ ဖုန်းထဲမှာလည်း SuperSU ၀တ်ရုံလေးနဲ့နော် အလန်းလေးရောက်လာမှာ။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီး လုပ်ကြည့်ပြီးပါပြီ သုံးရတာအဆင်ပြေပါတယ်ခင်ဗျာ။
Boost Performance
Remove Bloatware တစ်ခုတည်းလုပ်ပေးမှာပါ။ နည်းနည်းလေး ကြာတာလေးတစ်ခုပါပဲ သုံးလို့အဆင်ပြေပါတယ်။ သိပ်အကြာကြီးတော့မဟုတ်ပါဘူး ဖုန်းအနိမ့်တွေဆို (၃) မိနစ်လောက်ပေါ့ driver မသိရင်လည်း driver ထည့်ပေးအုံးမှာနော် :D 





>> Download <<