Wednesday, May 22, 2013
Min Soe Yar Sar : Phone ငွေလက်ကျန် '0' ကျပ်နဲ့ အင်တာနက်သုံးမယ်...
Min Soe Yar Sar : Phone ငွေလက်ကျန် '0' ကျပ်နဲ့ အင်တာနက်သုံးမယ်...: [+] Exploit Title : Phone ငွေလက်ကျန် '0' ကျပ်နဲ့ အင်တာနက်သုံးမယ်... [+] Date : 10 / 5 / 2013 [+] Exploit...
Thursday, March 28, 2013
Viber Code မရလို့ စိတ်ညစ် နေသူများ အတွက် Code စောင့်စရာ မလို့တဲ့ Viber လာပါပြီ
Written by အာယု
ဒီ Viber လေးကတော့ တော်တော် အဆင်ပြေတယ်ဗျာ သိပြီသား သူတွေ မပါဘူးနော်။
မသိသေးတဲ့ သူများ အတွက်ပါ။အားလုံးပဲ
အဆင်ပြေအောင် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ဒီ Viber ကိုပေးတဲ့ MPX ကအကို
တွေကိုလဲ Credit ပေးပါတယ် ။ဒီ Viber ရဲ့ အားသာချက် ကတော့ တခြားဘက်ကဖုန်း
ခေါ်လာတာကိုလဲ စောင့်စရာ မလို့ပါဘူးတခါတည်း Auto Coad တွေ ၀င်ပြီ
လုပ်သွားတာပါ။
Viber apk ကို ဒီမှာဒေါင်းပါ
ဒေါင်းပြီရင် ဖုန်းမှာ install လုပ်ပါ
လုပ်နေကြအတိုင်လေးပဲ ဖုန်းနံပါတ်ထည့်ပါ။ ပြီရင် Continue ကို နိပ်လိုက်ပါ
Coad ထည့်ရမယ့် နေရာ ရောက်ရင် သူဟာသူ Coad တွေ ထည့်ပြီး လုပ်သွားလိမ့်မယ်
လွယ်မှ လွယ်နော် ဘယ်လောက်မှ မကြာဘူးနော် ။
အားလုံးပဲ အဆင်ပြေ ပါစေဗျာ။
ရေးသားသူ Than Naing Oo
MMSD(Myanmar Mobile Software Developer)
Monday, March 18, 2013
Advanced System Care Pro 6.1.9.215 Full
6:16 PM
မောင်ပေါက်

Advanced System Care ကို PC သုံးတဲ့လူတွေရော. Android သုံးတဲ့လူတွေပါ သိကြပါတယ်.. ကွန်ပျူတာ System ရဲ့ ကောင်းမွန်ကြံ့ခိုင်မှုကို တာဝန်ယူဆောင်ရွက်ပေးတဲ့ ဆော့ဖ်ဝဲပါ.. မလိုအပ်တဲ့ jump File တွေ၊ Cookies တွေ၊ Registry အမှားတွေ ၊ Malware တွေနဲ့ System ကိုနှောင့်ယှက်တဲ့ ဖိုင်တွေကို ရှင်းလင်းဖယ်ရှားပြီး မှန်ကန် မြန်ဆန်တဲ့ System တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးပါတယ်.. သုံးရတာလွယ်ကူပါတယ်..
အဆင်ပြေပါစေ...
မောင်ပေါက်
Setup Download Links: 20 MB
Serial Download : txt File
DropBox
Zippyshare
Mediafire
http://komaungpauk.blogspot.com မှကူးယူဖော်ပြပါသည်။
Huawei Y310-5000 Root

အရင်ဆုံး လိုအပ်တာတွေကိုဒေါင်းလိုက်ပါ.. ဒေါင်းလို့ပြီးရင် Floder တစ်ခုထဲမှာထည့်ထားလိုက်ပါ
ပြီးရင်အရင်ဆုံးဖုန်းကို Root လုပ်ဖို့အတွက် PC မှာ Driver မဖြစ်မနေသိနေရပါမယ်
Driver ကိုအရင်တင်ပါ..ပြီးရင် ဖုန်းကို Setting ထဲက Unknow Source ရယ် USB Dubugging ရယ်ကိုအမှန်ခြစ်ထည့်ပေးထားပါ လိုတော့မလိုပါဘူး..ထည့်ပေးထားလိုက်ပါ
ပြီးရင် ဖုန်းကို Power ပိတ်ပြီးတော့ Battery ကိုပါ ခဏဖြုတ်ထားလိုက်ပါ..ဒေါင်းလို့ရလာတဲ့ rescrchdownload. Floder ထဲက rescrchdownload.exe ကို PC မှာ Run ပေးလိုက်ပါ..
Rescrchdownload.exe ကနေ ပုံထဲကအတိုင်း နံပါတ် 1 ကနေပြီးတော့ ဒေါင်းလို့ရလာတဲ့ Y -310 root .zip ကိုပြန်ဖြေလို့ရတာကိုရွေးပေးပါ ပြီးရင် နံပါတ် 3 အတိုင်း Start Downloading ကိုနှိပ်ပေးပါ

ပြီးရင် Battery ကိုပြန်တက်ပြီး Vol Down + Power ကို တွဲနှိပ်ထားလိုက်ပါ.. Huawei Logo မှာ ရပ်နေပြီဆိုရင် ဖုန်းကို PC နဲ့တွဲလိုက်ပါ..သူ့ဘာသာအလုပ်လုပ်သွားပါလိုက်မယ် စောင့်ကြည့်နေလိုက်ပါ..ပြီးရင် ဖုန်းကို PC နဲ့တွဲထားတာကိုပြန်ဖြုတ်လိုက်ပါ.. Battery ကိုဖြုတ်ပါ..ခဏထားပြီး ပြန်တက်လိုက်ပါ..Vol Up + Power နဲ့
Recover Mode ထဲကိုဝင်လိုက်ပါ.. Recover Mode ထဲကနေပြီးတော့ Reboot System Now နဲ့ Reboot ပြန်တက်လိုက်ပါ.. Root လုပ်လို့ပြီးဆုံးကြောင်းအဖြစ် Super User လေးကို တွေ့ရပါပြီဗျာ
အားလုံးအဆင်ပြေကြပါစေ..
Rescrchdownload
Y-310 Root
Driver
မင်းမင်း
http://komaungpauk.blogspot.com မှ ကူးယူဖော်ပြပါသည်။
Wednesday, January 30, 2013
Monday, January 28, 2013
Android OS ဖုန်းများတွင် Hard Brick ဖြေရှင်းနည်း
လက်ရှိ ပြည်တွင်းတွင် အသုံးပြုလျက်
ရှိသော Android OS ဖုန်းများတွင် Hard Brick ဖြစ်ခြင်း၊ Soft Brick
ဖြစ်ခြင်းများ အပြင် Super Brick ဖြစ်ခြင်းများ ပါရှိ လာခဲ့ပြီး ယင်းသို့
Super Brick ဖြစ်လာ ပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် ဖြေရှင်း
ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ Super Brick အခြေအနေထိ
ဖြစ်ရခြင်းမှာ မိုဘိုင်းဖုန်း အသုံးပြု သူများ အနေဖြင့် မိမိတို့၏
ဖုန်းများကို မကြာခဏ Firmware Version အတင်အချ ပြုလုပ်ခြင်း၊ မကြာခဏ
Rooting ပြုလုပ်ခြင်း များကြောင့်လည်း ဖြစ်နိုင်သည့် အပြင် ROM မှ
လက်မခံသော Application နှင့် အခြား Firmware များ မှားယွင်း ထည့်သွင်းခြင်း
များကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ X-Code
မိုဘိုင်းဖုန်း သင်တန်းကျောင်းနှင့် မိုဘိုင်းဖုန်း အရောင်းဆိုင်မှ
ကျွမ်းကျင်သူ ကိုပြည့်ဖြိုးက ပြောပြရာတွင် “ကျွန်တော်တို့ အရင်တုန်းက
Android OS ဖုန်းတွေမှာ Soft Brick, Hard Brick ဆိုတာ လောက်ပဲ ရှိခဲ့ပေမယ့်
ခုနောက်ပိုင်း မှာတော့ Super Brick ဆိုတာ တွေပါ ရှိလာ ခဲ့ပါပြီ။ Super
Brick ဆိုတာ ကလည်း အရင် ကတည်းက ရှိပြီးသား ဖြစ်မှာပါ။ ဈေးကွက်ထဲမှာ
ကျွမ်းကျင်သူက နည်းတဲ့ အတွက် ဒီလိုဖြစ်သွား ခဲ့တဲ့ ဖုန်းတွေမှာ ဘာမှ
ပြန်လုပ်လို့ မရတော့ဘဲ လက်လျှော့ လိုက်ရတာ မျိုးတွေ ရှိခဲ့ပါတယ်။
ခုချိန်မှာတော့ ဒီလို အခြေအနေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလာပါပြီ။
Soft Brick ဆိုတာ ကတော့ ဖုန်းက ပါဝါဆက် မတတ်တော့ဘဲ Download Mode ပဲ
ခေါ်လို့ရတဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင်တော့
အလွယ်တကူ ပြန်လုပ်လို့ ရပါတယ်။ Hard Brick ဆိုတာ ကတော့ ဖုန်းက Download
Mode ပျောက်သွားပြီး ဘာမှ မပေါ်တော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒီလို အခြေအနေ
မျိုးမှာ ဆိုရင် Android ရဲ့ ဆားကစ်ပိုင်းကို ခွာပြီး အသစ်ပြန်ဆွဲ ပေးရတဲ့
အခြေအနေထိ ရှိပါတယ်။ ခု Super Brick ဆိုတာ ကတော့ Download Mode ပေါ်ပြီး
ဘာမှ လုပ်လို့ မတော့တဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ Soft Brick နည်းလမ်းရော
Hard Brick နည်းလမ်း နဲ့ရော ဘယ်လိုမှ လုပ်လို့ မရတော့တာကို Super Bridge
လို့ ခေါ်တာပါ” ဟု ပြောပြခဲ့သည်။ Super Brick အခြေအနေတွင် Download Mode
ပေါ်နေသေး သော်လည်း Firmware ကို မည်သို့မှ ပြန်လည် ထည့်သွင်း၍
မရနိုင်တော့သော အခြေအနေထိ ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းသို့ Super Brick
အခြေအနေမျိုး ဖြစ်လာပါက ပြန်လည် ပြုလုပ်၍ ရနိုင်သော်လည်း ဖုန်းတွင်းရှိ
မှတ်ဉာဏ် စနစ်ပိုင်း များတွင် ဆုံးရှုံးမှု အချို့ ရှိနိုင်မည် ဖြစ်ကြောင်း
သိရသည်။ Android OS ဖုန်းများတွင် Super Brick အခြေ အနေမျိုး ဖြစ်လာပါက
Manipulated Partition စနစ်ဖြင့် ပြုလုပ် နိုင်မည် ဖြစ်ပြီး ယင်းစနစ်ကို
Linux OS Platform အား ကျွမ်းကျင်သူ များမှ ပြုလုပ်မည် ဆိုပါက Super Brick
ဖုန်းများကို ပြန်လည် ကောင်းမွန် လာအောင် ပြုလုပ်နိုင်မည် ဖြစ်သော် လည်း
ဖုန်းတွင်း မှတ်ဉာဏ် စနစ်ပိုင်းတွင် တစ်ဝက်ခန့် ဆုံးရှုံး သွားနိုင်မည်
ဖြစ်ကြောင်း ကိုပြည့်ဖြိုးက ထပ်မံ ပြောပြ ခဲ့သည်။
Ref : Myanmarinternetjournal
Sunday, January 13, 2013
Subscribe to:
Posts (Atom)
