Tuesday, June 25, 2013

Android ဖုန်းများအတွက် နောက်ဆုံးပေါ် Driver အချို့စုစည်းမှု Android USB Drivers for Windows / Mac / Linux OS




မိတ်ဆွေများအတွက် Android နဲ့ PC ချိတ်ဆက်ဖို့ နောက်ဆုံးထွက် Official Driver တွေကို တင်ပေးလိုက်ပါတယ်..  Windows , Mac , Linux OS တွေအတွက်ဖြစ်ပါတယ်.. Latest Official Driver ဖြစ်တာကြောင့် အရင်က မသိတဲ့ Driver တွေကိုလည်း ဒီမှာ အဆင်ပြေစေမှာပါ.. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး လက်တည့်စမ်းနေသူများ၊ လေ့လာနေသူများ၊ Service သမားများ အဆင်ပြေစေမှာဖြစ်ပါတယ်..





Search for product > Resources > Download driver.

Bridge for Mac

**********

For connecting any Android Device in Computer, we need USB drivers. This includes, using the device for development which requires Android SDK USB drivers, ADB and Fastboot drivers, transferring media content and files to your phone storage etc. It is recommended to have these Android device drivers before hand so you can easily install them or use whenever needed.
You can download the Android USB drivers for Windows (Android phones and tablets, ADB and Fastboot) mostly from the official websites of device manufactures, but in cases if you cannot find the official USB driver of your Android Devices , we have compiled a list of all the major manufactures and links to their USB drivers / PC Suite (which includes the driver). These are the Android phone drivers for Windows XP/ Windows 7 / Windows 8 and Mac OS X.

အဆင်ပြေကြပါစေ

Monday, June 17, 2013

Jelly Beam Theme With Fonts ( Root မလိုဘဲမြန်မာစာထည့်နည်း )

 ကဲ ဒီတခါတော့ ကျွန်တော် တင်ပေးမှာကတော့ အခုနောက်ပိုင်းလာသော Huawei Jelly Beam တွေမှာ မြန်မာစာဖောင့်အတွက်က root မလိုဘဲ theme ဖိုင်ကနေ မြန်မာလိုပေါ်အောင် လုပ်လို့ရလာပါတယ်ခင်ဗျ။
           ကဲစလိုက်ရအောင်ဗျာ။ ကျွန်တော်တင်ပေးတဲ့ ဖိုင်ကိုဒေါင်းလိုက်ပါခင်ဗျာ။

Click Here To Download
                       

zip ကိုဖြည်ပြီး usb debugging ဖွင့်ပြီးကြိုးထိုးလိုက်ပါခင်ဗျာ။ ပြီးရင် mytools.bat ကို run လိုက်ပါ ။ theme & keyboard ကို သွင်းပေးပါလိမ့်မယ်ခင်ဗျာ။ ပြီးရင်တော့ ပုံလေးတွေကြည့်ကာ font change ပေးလိုက်ပါ ခင်ဗျာ။  ကျွန်တော်လဲ ဘယ်သူရေးထားလဲတော့မသိတော့ဘူး ပြန်ပြင်ထားပါတယ် နော်။ ဒါပေမယ့် credit ပေးပါတယ် သက်ဆိုင်သူ များကို .:P







restart ကျပြီးပြန်တက်လာရင် frozen keyboard pro ချိန်းကာ ရိုက်လို့ရပါပြီခင်ဗျာ.............
credit-Rainbow

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

လုပ်နည်းလေးကတော့ကျွန်တော်ရင်းနှီးတာကြာပါပြီ သုံးချင်တဲ့သူငယ်ချင်းတွေသုံးလို့ရအောင်မျှဝေပေးလိုက်ပါတယ်
သုံးတတ်ရင်သုံးတတ်သလို  ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

 

ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်းလိုက်ပါနော်
Download link_     http://www.mediafire.com/?dpzgdjj33am2a34
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb ကိုအောက်မှာဒေါင်းလိုက်နော်
Download link_    http://www.mediafire.com/?t5o16i4cojy897c
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Download link_     http://www.mediafire.com/?3cqoktua75zlpfq
၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။
၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)
၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။
၅။  ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။

၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  ဖုန်းထဲက System>framework-res.apk ကို ကွန်ပျူတာထဲ copy ကူးပြီး အဲဒီဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။
၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။) ၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန် link_    http://www.mediafire.com/?s9iuben1r1b0rqa
၂၈။ 7zip software ဒေါင်းရန် link_    http://www.mediafire.com/?4liv0p0g9l7ty2x
၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ 7zip  software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးဘဲအစဉ်ပြေကြပါစေနော် မောလိုက်တာနော် ဟိဟိ
Note++ Software အားရယူရန်_   http://www.mediafire.com/?hcmwiomc5m8ctfm
Ref:www.myanmarmobileapp.com
လက်ခုပ်သံမလိုချင်ပါဘူးသူငယ်ချင်းတို့ဗဟုသုတ၁ခုတိုးသွားရင်ကျေနပ်ပါတယ်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
သူများတွေထက်ပိုလန်းချင်ရင်တော့ နဲနဲတော့အပင်ပန်းခံရတယ်ဗျ ဟိဟိ ကြိုးစားလုပ်ကြည့်လိုက်နော်

Thursday, June 13, 2013

ကိုယ့်ဖုန်းထဲကနေ တစ်ခြားဖုန်းထဲက ph call, misss call, msg, contact list တွေကို လှမ်းကြည့်မယ်

ကိုယ့်ဖုန်းထဲကနေ တစ်ခြားဖုန်းထဲက ph call, misss call, msg, contact list တွေကို လှမ်းကြည့်လို့ရပါတယ်
တစ်ခြား feature တွေကတော့ vibrate, silent, Flightmode, လုပ်လို့ရပါတယ် ပိုမိုက်တာက အဲ့ဖုန်းမှာ Internet ဖွင့်ထာုးရင် GPS location လှမ်းကြည့်လို့ရတဲ့အထိ မိုက်ပါတယ်
ဒီ apk ကိုသုံးမယ်ဆိုရင်တော့ ကိုယ် ဖုန်းနဲ့ သူ့ဖုန်း ၂ လုံးစလုံး မှာ ဒီ apk ကို install လုပ်ထားဖို့လိုပါတယ်
ပထမအဆင့်အနေနဲ့ သူ့ဖုန်းထဲမှာ သူမသိအောင် ဒီ apk ကို install လုပ်ပါ
ပီးရင် run လိုက်ပီးတော့ password setting လုပ်ပါ (e.g password – 123456 )
ဒုတိယအဆင့်ကတော့ ကိုယ်လုပ်ချင်တဲ့ command ကို ရိုက်ပီးတော့ သူ့ဖုန်းကို sms ပို့လိုက်ပါ
ခဏနေရင် Automatic SMS ပြန်လာပါလိမ့်မယ်…..
ဥပမာဗျာ……..သူ့ဖုန်းထဲ ၀င်လာတဲ့ missed calls တွေကို သိချင်တယ်ဆိုရင်
ကိုယ့်ဖုန်းထဲကနေ ပီးတော့ 123456.getMissedCalls[5] ဆိုပီးတော့ သူ့ဖုန်းထဲကို SMS ပို့လိုက်ပါ
ခဏနေရင် sms ပြန်လာပါလိမ့်မယ်….အဲဒါက သူ့ဖုန်းထဲကို ၀င်ထားတဲ့ missed call ၅ ခု ပါ။ ဖုန်းနံပါတ်ပါ ပါတယ်နော်….
application ရဲ့ command list ထဲမှာ Missed call ဆို ဘယ်လိုcommand, outgoing call ဆိုရင် ဘယ်လို command ရိုက်ဆိုပီး ရေးပေးထားပါတယ်။
စမ်းသပ်ကြည့်လိုက်ပါဦး………..
သမီး ရည်းစားတွေ ရန်ဖြစ်ရင်တော့ အနော် နဲ့ ဆိုင်ဘူးနော်……….
ဒါကတော့ download link ပါ
https://www.dropbox.com/s/77ozlpe4aexehtl/SMS%20Commander%20%281.22%29.apk

Monday, June 10, 2013

Root Tool အသစ်လေးပါ

 one click root Tool လေးပါ ခါတိုင်းလိုပဲ Root နေကြပုံစံလေးအတိုင်း လွယ်လွယ်ကူကူ လုပ်ရုံပါပဲ။ တစ်ခုတော့ရှိပါတယ် ဆော့ဝဲလ်လေးကို install လုပ်ပြီး လိုအပ်မဲ့ဖိုင်တွေ install ဆက်လုပ်ဖို့ အင်တာနက် ကော်နက်ရှင်ရှိဖို့တော့လိုအပ်ပါတယ်။ အားလုံး complet ဖြစ်ရင်တော့ အသုံးပြုလို့ရပါပြီခင်ဗျာ။ အမျိုးအစား စုံစုံလင်လင်လေး ကို root လို့ရပါတယ် Huawei D2 တို့ HTC Droid DNA တို့တောင် root လို့ရပါတယ်လို့ ဆိုထားပါတယ်ခင်ဗျာ။ စမ်းသပ်အသုံးပြုလို့ရအောင် ပြန်လည်ဝေမျှပေးတာပါ။ 
Root လုပ်လို့ အောင်မြင်သွားတယ်ဆိုရင်တော့ ဒီလိုပုံလေးပေါ်လာမှာပါ ဖုန်းထဲမှာလည်း SuperSU ၀တ်ရုံလေးနဲ့နော် အလန်းလေးရောက်လာမှာ။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီး လုပ်ကြည့်ပြီးပါပြီ သုံးရတာအဆင်ပြေပါတယ်ခင်ဗျာ။
Boost Performance
Remove Bloatware တစ်ခုတည်းလုပ်ပေးမှာပါ။ နည်းနည်းလေး ကြာတာလေးတစ်ခုပါပဲ သုံးလို့အဆင်ပြေပါတယ်။ သိပ်အကြာကြီးတော့မဟုတ်ပါဘူး ဖုန်းအနိမ့်တွေဆို (၃) မိနစ်လောက်ပေါ့ driver မသိရင်လည်း driver ထည့်ပေးအုံးမှာနော် :D 





>> Download <<

Thursday, June 6, 2013

Min Soe Yar Sar : Phone Bill မကုန်အောင် အင်တာနက်အသုံးပြုမယ် (Update)...

Min Soe Yar Sar : Phone Bill မကုန်အောင် အင်တာနက်အသုံးပြုမယ် (Update)...: ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရ...

Wednesday, June 5, 2013

All Of Internet Setting

| May 22, 2013 | Reply
**********************************************************************************
H@NL@Y
WE LOVE SHARING!
:::::Credit to All Of You!::::::
**********************************************************************************
GSM Internet Setting ချိန်နည်း။
ဖုန်းတိုင်း မတူညီ၍ တသတ်မှတ်တည်းတော့ သတ်မှတ်၍ မရပါဘူး။
Name _ နှစ်သက်ရာ ထည့်နိုင်ပါသည်။
APN   _ mptnet
Proxy _ မလိုပါဘူး။
Port   _ မလိုပါ။
Username_ မလိုပါ။ (တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ mptnet ပဲ ထည့်ပေးပါ)
password _ မလိုပါ။ ( တစ်ခါတစ်ရံတော့ လိုအပ်ပါသည်။ 123 or 12345 ထည့်ပေးပါ)
ှServer _ မလိုပါ။
MMSC _ မလိုပါ။
MMS proxy_ မလိုပါ။
MMS port _ မလိုပါ။
MCC _ 414 ( ထည့်ပေးစရာမလိုပါ။ APN ကို mptnet ထည့်တာနှင့် အလိုအလျောက် တက်ပါမည်)
MNC _ 01 ( သူလည်း APN ထည့်တာနှင့် အလိုအလျောက်တက်ပါသည်)
Authentication type _ (PAP or CHAP) or ( CHAP)
APN type_ပုံမှန်အားဖြင့် ထည့်စရာမလိုပါ။ ( Samsung များတွင် internet +mms ကို ရွေးပေးရပါမည်။)
**********************************************************************************
ချိန်ပုံချိန်နည်းမှာ ဖုန်းတိုင်း မတူနိုင်ပါ။ အရင်ဆုံး ချိန်မည် ဆိုပါက Data Switch ကို ဖွင့်ပေးထားပြီး Name,APN နှစ်မျိုးသာထည့်၍ Save လုပ်ပါ။
အများစုမှာ ၄င်းအတိုင်းတွင် လိုင်းတက်ပါသည်။ မတက်လျှင် Authentication type ကို ထည့်ပေးရပါမည်။
အများစုမှာ PAP or CHAP နှင့် တက်ပါသည်။ samsaung >2.3.6 အများစုတွင်တော့ CHAP ကိုသာ လက်ခံပါသည်။
မတက်လာသေးလျှင် username ထည့်ကြည့်ပါ။
ထိုမှ မတက်လာသေးလျှင်တော့ password ကို ထည့်ကြည့်ရပါမယ်။
ဒါပါပဲ အားလုံးပဲ အဆင်ပြေကြပါစေ။
**********************************************************************************
CDMA 800 Internet setting ချိန်နည်း။
အလုံးတိုင်းတော့ မတူနိုင်ပါဘူးနော်။ ကိုယ်ဥာဏ်ရှိသလို အဆင်ပြေအောင် လုပ်ကြည့်ပါ။
Name _နှစ်သက်ရာ ထည့်နိုင်သည်။
APN   _#777
Proxy _မလိုပါ။
Port   _မလိုပါ။(တစ်ခါတစ်ရံတွင်တော့ 80 ကို ထည့်ပေးပါ)
Username_anyname@c800.mm
Password _ပုံမှန်အားဖြင့် မလိုပါ။( 123 or 12345)
Server_မလိုပါ။
MMSC_မလိုပါ။
MMS Proxy_မလိုပါ။
MMS port_မလိုပါ။
MCC_default အနေဖြင့် တက်ပါသည်။
MNC_default အနေဖြင့် တက်ပါသည်။
Authentication type_PAP or CHAP (or) CHAP
APN type_ပုံမှန်ဆို ထည့်စရာမလိုပါ။ (လိုခဲ့သော် default ဟုသာ ထည့်ပေးပါ)
Data bearer_မလိုပါ။
Prompt password_ #777
**********************************************************************************
ဖုန်းအလုံးတိုင်း မတူညီနိုင်လို့ စတင် ချိန်မည် ဆိုပါက Data enable ကို on ထားပါမယ်။ ထိုနောက် Wireless and network settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။
menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် အင်တာနက်သုံး၍ ရပါပြီ။ အကယ်၍ မရသေးလျှင် password, Authentication type တို့ကို ထည့်ပေးပြီး restart ထပ်ချပေးပါ။ ထိုအထိ တက်မလာသေးလျှင်တော့ port နှင့် APN type ကို ထည့်ပေးလိုက်ပါ။
အားလုံးပဲ အဆင်ပြေကြပါစေနော်။
**********************************************************************************
ယခု ထွက်ရှိသော 1500 တန် CDMA 800 ဖုန်းများအတွက် Internet Setting ချိန်နည်းလေးပါ။
Name _ Mectel (or) Card
APN   _ #777
Proxy _ မလိုပါ။
Port   _ မလိုပါ။
Username _ mectel@c800.mm (or) card@c800.mm
password  _ 123 (or) 12345 (or) card
Server_ မလိုပါ။
MMSC _ မလိုပါ။
MMS proxy_မလိုပါ။
MMS port_မလိုပါ။
MCC_460
MNC_03
Authentication type_PAP or CHAP (or) CHAP
APN type_ပုံမှန်အားဖြင့် မလိုပါဘူး။ ( default ကိုသာ ထည့်ပေးပါမယ်။)
Data bearer_ မလိုပါ။
Prompt password_#777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။
Connection name တောင်းခဲ့ရင် mectel ပါနော်။
**********************************************************************************
ထုံးစံအတိုင်းပေါ့နော်။ အားလုံး တူမှာမဟုတ်လို့ ကိုယ်ဥာဏ်ရှိသလိုသာ အဆင်ပြေအောင် ကြိုးစားကြပါ။
**********************************************************************************
**********************************************************************************
H@NL@Y
WE LOVE SHARING!
:::::Credit to All Of You!::::::
**********************************************************************************
ဒါကို pdf အနေနဲ့ လိုချင်ရင် https://www.dropbox.com/s/cvjjmkj9p7z5p1n/Internet%20Setting.pdf
Notepad လေးနဲ့ သဘောကျတယ် ဆိုရင် https://www.dropbox.com/s/kci0gxze14vmw0i/Internet%20Setting.txt

Huawei secret codes

http://i49.tinypic.com/2yy4iu1.jpg


Huawei အတွက် secret codes လေးတွေပါ…
keypad မှာ ရိုက်ပေးယုံပါပဲ..ဖုန်းကလိတာ ၀ါသနာ ပါသူတွေ အတွက်ပါ…
*#*#4636#*#* အဓိကကျတဲ့ Testing နေရာကို ရောက်သွားပါလိမ့်မယ် (network ချိန်းတာတို့ ဖုန်း အခြေအနေ ကြည့်တာတို့ပေါ့ )
*#*#2846579#*# ကိုလည်း သုံးနိုင်ပါတယ်..
*#*#checkin#*#* dial code(Check for update)
*#*#7780#*#* for a factory data reset
*2767*3855# for factory format (ပုံမှန်သုံးသူများ မစမ်းသင့်ပါ)
*#*#197328640#*#* change settings in the service mode
*#*#232338#*#* show WiFi MAC Address
*#*#1472365#*#* GPS test
*#*#232331#*#* Bluetooth test
*#*#232337#*#* Bluetooth device show address
*#*#1111#*#* FTA SW Version
*#*#2222#*#* FTA HW Version
Factory Tests
*#*#0283#*#* Packet loopback
*#*#2222#*#* FTA HW Version
အဆင်ပြေပါစေဗျာ….
စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com)
ဒီပိုစ့်လေးကို PDF အနေနဲ့လိုချင်ရင်တော့ ဒီမှာဒေါင်းလိုက်ပါ။
https://www.box.com/s/9mixirkvot22wfsi35iq

S Advance i9070 4.1.2 တွေကို အလွယ်နည်း Root,Font,KeyBoard သွင်းနည်း

အရမ်းကိုလွယ်မယ်ထင်ပါတယ်….
ပို့လဲအရှည်ကြီးရေးစရာမလိုဘူး
Root Access , Myanmar Fonts , FrozenKeyboard Pro တို့တစ်ခါထဲ
ဝင်သွားမယ်။ ဘာ Error မှလဲမရှိဘူး။
ပြောနေကြာပါတယ်။
ဒီဖိုင်ကိုဒေါင်းလိုက်
MMSD Special Zip    http://d-h.st/jrj
Linkကိုနှိပ်လိုက်ရင် adf.ly ဆိုသောဆိုက်တက်လာပါလိမ့်မည် Skip ad ကိုနှိပ်၍ဒေါင်းပါ

ပြီးသွားရင် Zip ဖိုင်အလိုက် SD Card ထဲထည့်လိုက်
ဖုန်းကို ပါဝါပိတ်လိုက်
Volume up + Power + Home ကိုဖိနှိပ်ထားလိုက်
Recovery Mode ၀င်ရင်
Install zip From External Storage ကိုင်ဝင်
MMSD Special Zip ကိုရွေးပေးလိုက်။
Reboot System Now နှိပ် ပြန်တက်လာရင် Root Access, Myanmar Fonts,Frozenkeyboard Pro အကုန်ရပြီ  ^_^

Y210,Y210C,Y210S အားလုံးကို One Click နဲ့ Root,မြန်မာစာ အကုန်ထည့်မယ်

Post By ဖြိုးချမ်း(Admin At MMSD)
အရင်ဆုံးဒီဖိုင်လေးကိုဒေါင်းလိုက်ပါ။
Y210 Series One Click Root Fonts(Setup).rar       http://d-h.st/QDM
လင့်ကိုနိုပ်လိုက်လျှင် Adf.ly ဆိုသောလင့်တက်လာပါလိမ့်မည်
Skip Ad ဆိုတာကိုနှိပ်ပြီးဒေါင်းနိုင်ပါသည်
ကဲပြီးသွားရင်တော့ rar ကိုဖြည်လိုက်ပါ။
Set up.exe လေးတွေတွေ့ပါလိမ့်မယ်..
Install ဆွဲလိုက်ပါ။
Screenshot - 5_27_2013 , 6_47_40 PM

Install ဆွဲနေရင်း Serial Key တောင်းရင် mmsd ထည့်ပေးလိုက်ပါ။

Screenshot - 5_27_2013 , 6_47_49 PM

Install ဆွဲပြီးသွားရင်တော့ Desktop ပေါ်မှာ Shockcut တွေ့ပါလိမ့်မယ်…
ဖုန်းကို Unknown Sources On နဲ့ USB Debugging ON ထားပါ။
ပြီးသွားရင်တော့ ပါဝါပိတ်လိုက်ပါ။
Volume Down + Power နဲ့ Fastboot Mode ၀င်ပြီး ကြိုးထိုးလိုက်ပါ။
ပြီးသွားရင်တော့ Software ကို ဖွင့်လိုက်ပါ။
Screenshot - 5_27_2013 , 5_58_29 PM

မိမိလုပ်မဲ့ဖုန်းကို နံပါတ်ရွေးပြီးလုပ်လိုက်ပါ။
အားလုံးပြီးသွားရင် Root Access,Myanmar Fonts,Frzoenkeyboard အကုန်ရပါပြီ။
အဆင်ပြေပါစေ။
ဖြိုးချမ်း

T8833 ကို Root လုပ်မယ်

Post By ဖြိုးချမ်း(Admin At MMSD)
T8833 ကို Recovery ကနေ Root ဖောက်ရအောင်နော်..
အရင်ဆုံးဒါလေးတွေကိုအရင်ဒေါင်းလိုက်ပါ။
T8833 TWRP Recovery      http://www.mediafire.com/download/hbxg4u18uh6b5b9/T8833_Recovery%40MMSD.rar

SP Flash Tool                       http://www.mediafire.com/download/0t5ufpal9sftxtm/SP_Flash_Tool_v3.1224.01.rar

Root.zip                           http://www.mediafire.com/download/e7krhjuishu4x4r/Root.zip

ပြီးသွားရင်တော့ SP Flash Tool ကနေ MT6577_Android_scatter_emmc.txt ကို ရွေးပေးလိုက်ပါ။
ပြီးရင် Recovery မှာ recovery.img ကိုရွေးပြီး Flash လုပ်လိုက်ရင်ရပါပြီ။
ပြီးသွားရင်တော့ Sd Card ထဲ Root.zip ထည့်ုပြီး Install ကနေ ရွေးပေးလိုက်ရင်ရပါပြီ။

 20000101_004653

Tuesday, June 4, 2013

MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters 1.3.2.2905 ( 4 MB )


MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters 1.3.2.2905 ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 1000 ကျော်ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. အရင်ကလည်း တစ်ခါ တင်ပေးခဲ့ဖူးပါတယ်. အဲဒီတုန်းက ဗားရှင်းနိမ့်ပြီး အမျိုးအစား 1000 ကျော် Root နိုင်ပါတယ်. ခု 2000 ကျော်ပါ..  ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Master Integration ROOT) ဖြစ်ပါတယ်..

နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters 1.3.2.2905 ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..

2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters 1.3.2.2905 ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..

3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..

  4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်...အဆင်ပြေပါစေခင်မျာ..

Download Link ==>  Link 1 / Link 2 

Monday, May 27, 2013

Facebook ကနေ Free Call ခေါ်ဆိုပေးနိုင်တဲ့ Saytya Free Caller (Android , IOS , Window )


23

Facebook အသုံးပြုသူတွေအနေနဲ့ Facebook ပေါ်ကနေပြီး Free Call ခေါ်ဆိုပေးနိုင်တဲ့ Application လေး
တစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ Facebook Account တစ်ခုရှိထားရုံနဲ့ အခုတင်ပေးလိုက်တဲ့ Application
လေးကို အသုံးပြုပြီး ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Viber လိုမျိုး Code စောင့်စရာမလိုပါဘူး Install လုပ်
ပြီးအသုံးပြုရုံပါဘဲ။ Viber ထက်ပိုကောင်းတဲ့အချက်ကတော့ Phone To Phone , Phone To PC , PC to PC
ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Device အားလုံးမှာအသုံးပြုနိုင်အောင် Android OS , IOS , Window OS ,
MAC OS အတွက် ခွဲပြီးတင်ပေးလိုက်ပါတယ်ဗျာ။ Free Call တစ်ခုတည်း မဟုတ်ပါဘူး Free Chatting
ပါလုပ်နိုင်ပါတယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ...: Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှ...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Android ဖုန်းတွေမှာ Pattern Lock နဲ့ Gmail Account...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Android ဖုန်းတွေမှာ Pattern Lock နဲ့ Gmail Account...: Android ဖုန်းတွေမှာ Pattern Lock မမှတ်မိလို့ ပြန်ဖျက်ချင်ဖြစ်စေ.. ပြီးတော့ Android ဖုန်းတွေမှာ Gmail Account တစ်ခုကို Sing in ထားရင် နေ...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Android ဖုန်းတွေမှာ Pattern Lock နဲ့ Gmail Account...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Android ဖုန်းတွေမှာ Pattern Lock နဲ့ Gmail Account...: Android ဖုန်းတွေမှာ Pattern Lock မမှတ်မိလို့ ပြန်ဖျက်ချင်ဖြစ်စေ.. ပြီးတော့ Android ဖုန်းတွေမှာ Gmail Account တစ်ခုကို Sing in ထားရင် နေ...

Thursday, May 23, 2013

Huawei U8825-1 ကို root လုပ်နည်း

ဒီပို့ကတော့ ကိုဌေးလှိုင်ဦးရေးသားထားတာပါ….
မူရင်းကတော့ဒီမှာကြည့်ပါ..



Huawei မှ ထုတ်လုပ်သော စင်္ကာပူ ဘက်က ပတ်ဝင်လာတဲ့ U8825-1 ကို ဈေးကွက်မှာ ဈေးတန်း ၂ မျိုးဖြင့် တွေ့ရပါတယ်။ root လုပ်လို့ရသည့် အမျိုးအစားနှင့် root လုပ်မရသည့် အမျိုးအစား ဟူ၍ ဈေးကွာခြားချက်ရှိပါသည်။ အခု ကျွန်တော် ပြောပြပေးမည့် နည်းကတော့ U8825-1 root လုပ်၍ မရသည့် ဖုန်းများ ကို root လုပ်နည်းဖြစ်ပါတယ်။
လိုအပ်သော ဖိုင်ကို ဒေါင်းပါ >>>> U8825-1rootByHtayHlaingOo
password>>htayhlaingoo

(၁) Root လုပ်၍ရသည့် kernel ချိန်းနည်း

- ဒေါင်း၍ ရလာသော rar ဖိုင်ကို ဖြေလိုက်ပါ။
- အထဲမှ UPDATE.APP ပါသော dload folder ကို format ရိုက်ထားတဲ့ sd card (အနည်းဆုံး 2GB)    ထဲသို့ ထည့်ပါ။
- ဖုန်းကို ပိတ်၍ sd card ကိုထည့်ပါ။
- volume up + power + volume down ကို ပြိုင်တူတွဲပြီး နှိပ်ပါ။
- update complete ဖြစ်သွားရင်တော့ ဖုန်းဟာ Reboot ကျသွားပါလိမ့်မယ်။
- home screen ပေါ်လာရင်တော့ Huawei U8825-1 ကို root လုပ်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။

(၂) Root လုပ်နည်း

- U8825-1 ကို Unlock root v3.0 ဖြင့် root လုပ်နိုင်ပါသည်။
အားလုံးအဆင်ပြေကြပါစေ…….

U8950D Root ဖောက်ချင်းအပြည့်အစုံ

ပထမဆုံး ဖုန်းရဲ့ အချက်အလက်တွေကို ကြည့်ရပါမယ်။
၁။ Serial Number ကြည့်ရမယ်။
၂။ IMEiD (International Mobile Equiment Idenity) ကြည့်ရမယ်။


Serial Number ကိုဖုန်းကျောမှာရေးထားတဲ့နံပါတ်ကိုကြည့်ရမယ်။
ဥပမာ။            ။                 N5T4CB9261909742
IMEI/MEiD ကို *#06#နှိပ်ပြီးကြည့်ရမယ်။
ဥပမာ။          ။                a0000036e0bb98

အာလုံးကိုမှတ်ထားပြီး
ဒီ Link မှာ Register လုပ်ရပါမယ်။
http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock
တရုတ်လိုတွေရေးထားပါတယ်။လုပ်ရမယ့်လမ်းစဉ်တွေကို ရေးပေးထားပါတယ်။
ပထမဆုံးစာကြောင်းကိုကိုယ့်ရဲ့ Email လိပ်စာထည့်ပါ။
ဥပမာ။            ။             phyochansoftware2012@gmail.com
ဒုတိယစာကြောင်းက Category ရွေးခိုင်းတာပါ။အောက်ဆုံးကဟာကိုရွေးပေးလိုက်ပါ။
တတိယစာကြောင်းက Type ကိုရွေးခိုင်းတာပါ။ Huawei U8950D ကိုရွေးပေးလိုက်ပါ။
စတုတ္ထစာကြောင်းက IMEiD ကိုရေးခိုင်းထားပါ။

အားလုံးဖြည့်ပြီးရင် အနီလေးကို နှိပ်လိုက်ပါ။
၂ရက်၊၃ရက်လောက် ကြာရင် Huawei ကနေ mail ပိုပေးပါလိမ့်မယ်။
Huawei ကပို့တဲ့ mail မှာ Code ၁၆ လုံးတွေပါလိမ့်မယ်။ မှတ်ထားလိုက်ပါ။ Unlock လုပ်ဖို့ Code တွေပါ။
Unlock လုပ်ရမဲ့နည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်။
Window Key + R ကို နှိပ်ရင် Run Box တက်ပါတယ်။
Run Box မှာ Cmd ရိုက်ပါ။
ရိုက်ရမဲ့ ပုံစံကို အောက်မှာရေးပြထားပါတယ်။
Fastboot.rar
Fastboot.rar
Fastboot.rar

ကိုဒေါင်းလိုက်ပါ…
ဖုန်းကိုပါဝါပိတ်လိုက်ပါ…
Volume Down + Power ကိုနှိပ်လိုက်ရင် Fastboot mode
Logo မှာရပ်နေပါလိမ့်မယ်…
ပြီးရင်တော့ ဒေါင်းထားတဲ့ Fastboot.rar ကို Extract လုပ်လိုက်ပါ…
Phone နဲ့ Computer နဲ့ချိတ်လိုက်ပါ….
ပြီးရင် ဒေါင်းထားတဲ့ Fastboot Folder မှာ Shift + Right နှိပ်လိုက်ရင်

Open Command Window Here ဆိုပြီးပေါ်လာပါလိမ့်မယ်…
နှိပ်လိုက်ရင် CMD Box ချလာလိမ့်မယ်..
Fastboot oem unlock နဲ့ Huawei ကပေးတဲ့ Unlock Code ၁၆ လုံးရိုက် Enter နှိပ်

ဒါဆိုရင်တော့ Lock ဖြည်ပြီးပြီပေါ့နော်….
ကဲဒါဆိုရင်တော့ Root လုပ်လို့ရပြီပေါ့နော်…
ဒါနဲ့အဆင်မပြေရင် ဒီနည်းနဲ့လုပ်ပါ..
http://www.mediafire.com/?00ba7rvjtm141bt   ဒါလေးကိုဒေါင်းလိုက်ပါ..
Extract လုပ်လိုက်ရင် အထဲမှာ G330D a key to unlock ဆိုတာလေးတွေ့လိုက်မယ်..
Fastboot Mode ၀င်ပြီး လုပ်ပါ….
Volume Down + Power ကို ဖိနှိပ်လိုက်ရင် LOgo မှာရပ်နေလိမ့်မယ်…
ကြိုးထိုးပြီး G330D a key to unlock ကို Run ပြီး code 16 လုံးရိုက်ပြီး Enter ခေါက်လိုက်ရပါပြီ။
ဖုန်းဟာ Reboot တစ်ခါကျသွားပါလိမ့်မယ်….
ပြီးရင် Cache တွေရှင်းတာကိုတွေ့ရလိမ့်မယ်..
လုံးဝပြန်တက်လာရင် USB Debugging နဲ့ unknown Sources ကို on ထားပါ..
ပြီးရင်တော့ Root ဖောက်လို့ရပါပြီ…
Root ဖောက်ဖို့အတွက် ဒါလေးတွေဒေါင်းပါ…
U8950D Root   (Mediafire)
U8950D Root    (Dev host)
ဒေါင်းပြီးရင်တော့ Extract လုပ်ပါ..
အထဲမှာ Zip နှစ်ဖိုင်တွေလိမ့်မယ်..
update.zip ကို SD Card ထဲထည့်လိုက်ပါ…
ပြီးရင်တော့ Volume Down + Power နဲ့ Fastboot ၀င်လိုက်ပါ….
Logo မှာရပ်နေပါလိမ့်မယ်…..Recovery folder ထဲက .bat ဖိုင်ကို Run လိုက်ရင် Recovery ၀င်သွားပါပြီ။
ပြီးရင် Battery ဖြုတ်လိုက်ပါ…
Volume + Power နဲ့ Recovery Mode  ၀င်လိုက်ပါ…
Update.zip ကိုရွေးလိုက်ရပါပြီ…

Huawei U9500 ကို root ကြမယ်ဗျာ….

http://pdadb.net/img/huawei_ascend_d_5.jpg
root ပဲ root နိုင်လွန်းတယ်ဗျာ… ဒီတစ်ခါလည်း လာပြန်ပြီ..အဟဲ ဘယ်တတ်နိုင်မလဲဗျာနော့ လာတော့လည်း root ရတာပေါ့…
အရင်ဆုံးအောက်ကဖိုင်လေး ကို ဒေါင်းလိုက်ဗျာ…


root tool for U9500

rar password : saikhinetint
ထုံးစံအတိုင်း unknown sources နဲ့ usb debugging ကို အမှန်ခြစ်ထားပေးပါ…..
driver တော့တင်ထားပေးပေါ့ဗျာ….
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီးရင် ခနကဆွဲထားတဲ့ tool လေးကို ကွန်ပြူတာ ပေါ်မှာ run ပေးလိုက်ပါ
အောက်က ပုံလိုမျိုးပေါ်လာပါလိမ့်မယ်…
http://i50.tinypic.com/2en9ulx.png
အဲမှာ root ဆိုတာလေးကိုပဲ နှိပ်ပေးလိုက်ပါ..ကျန်တာ ဘာမှ မနှိပ်ပါနဲ့…
root ဆိုတာကို နှိပ်ပြီးသွားရင် ခနစောင့်လိုက်ပါ….
root tool လေးပျောက်သွားတဲ့ အထိစောင့်နေလိုက်ပါ…
root tool လေး ပျောက်သွားရင် ဖုန်းလည်း reboot ကျသွားပါလိမ့်မယ်…
မကျရင်လည်း ကိုယ့်ဘာသာကိုယ် reboot လုပ်ပေးလိုက်ပါ…
boot ပြန်တက်လာတဲ့ အချိန် ကျွန်တော်တို့ရဲ့ superuser ကြီး ပေါ်နေပါလိမ့်မယ်…
ဒါဆိုရင်တော့ root လုပ်တာအောင်မြင်စွာပြီးဆုံးသွားပါပြီ…..
အားလုံးပဲအဆင်ပြေကြပါစေဗျာ………
စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com)
လူကြီးမင်းတို့ရဲ့ ဝေဖန်အကြံပြုချက်တွေက ကျွန်တော်တို့ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေအတွက် အားဆေးတစ်ခွက်ပါ……….

Wednesday, May 22, 2013

Min Soe Yar Sar : || Manual Symlink Hacking ||

Min Soe Yar Sar : || Manual Symlink Hacking ||: ' ဒါလေးက တော့ Web Hacking ပိုင်းလေ့လာ နေတဲ့ညီကို တွေအတွက်.. တော်တော် လေးအသုံး ၀င်မယ်လို့ ထင်ပါတယ်.. မြန်မာလို ရေးထားတဲ့စာအုပ်လေးဆို...

Min Soe Yar Sar : C8813D,Y300C AUTO ROOT ပြီး ZAWGYI KEYBOARD တစ်ပါတ...

Min Soe Yar Sar : C8813D,Y300C AUTO ROOT ပြီး ZAWGYI KEYBOARD တစ်ပါတ...: MMSD က ကိုဖြိုးချမ်း လက်စွမ်းပြထားတဲ့ Tool လေးပါ. အသုံးပြုရတာလည်း လွယ်အောင် လုပ်ပေးထားတာတွေ့ရပါတယ်..ဒီ Tool လေးကတော့ C8813D နဲ့ Y300C...

Min Soe Yar Sar : Huawei Y220T Root နည်း

Min Soe Yar Sar : Huawei Y220T Root နည်း:   Huawei Y220T Rooting Method အရင်ဆုံး Driver ကိုသွင်းရပါမယ်။ No. (1) ကဟာကိုဒေါင်းပါ။ Y220T_Research_Download ဆိုတဲ့ ဖို...

Min Soe Yar Sar : Phone သရဲလုပ်ချင်နေလား??

Min Soe Yar Sar : Phone သရဲလုပ်ချင်နေလား??: Phone သရဲ လုပ်ရတာကို စိတ်ဝင်စား မလားတော့မသိပါဘူးဗျာ။ ဒါလေးကတော့ ကမ္ဘာပတ်ပြီး ခေါ်လို့ ရတယ်ဗျာ။ လုပ်နည်းလေးကရှင်းပါတယ်။ အရင်ဆုံး www.vox....

Min Soe Yar Sar : iPhone တစ်လုံးကို UnLock / Upgrade ပြုလုပ်နည်း

Min Soe Yar Sar : iPhone တစ်လုံးကို UnLock / Upgrade ပြုလုပ်နည်း: iPhone တစ်လုံးကို UnLock / Upgrade ပြုလုပ်နည်း iPhone ကိုအမှန်တကယ် အသုံးပြုခွင့်ရရှိတာကတော့ AT&T Co., LTD. လို Telecommunication Com...

Min Soe Yar Sar : All Chinese Mobile Phone Secret Codes

Min Soe Yar Sar : All Chinese Mobile Phone Secret Codes: *#66*# Set Factory Mode CONFIRMED *#8375# Show Software Version CONFIRMED *#1234# A2DP ACP Mode CONFIRMED *#1234# A2DP INT Mode CONFIRM...

Min Soe Yar Sar : ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု့ လုပ...

Min Soe Yar Sar : ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု့ လုပ...: ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်.. အခုဆိုရင် MPT (ဆက်သွယ်ရေး) လို...

Min Soe Yar Sar : စပိုင်သူလျှိုလုပ်နိုင်မယ့် MSPY For Andriod

Min Soe Yar Sar : စပိုင်သူလျှိုလုပ်နိုင်မယ့် MSPY For Andriod: mSpy ကတော့ Phone များကိုခြေရာခံ စပိုင်သူလျှိုလုပ်နိုင်မယ့် Application ကောင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော် သူ့မှာပါဝင်တဲ့ Feature တွေကို ...

Min Soe Yar Sar : မြန်မာမှာမမြင်ဘူးသော Phone ရဲ့ internet Speed ကို ...

Min Soe Yar Sar : မြန်မာမှာမမြင်ဘူးသော Phone ရဲ့ internet Speed ကို ...: ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ Settings -> Wireless and networks -> Mobile Networks -> Network Preferenc...

Min Soe Yar Sar : Samsung Galaxy S3 Lock screen bypass vulnerability...

Min Soe Yar Sar : Samsung Galaxy S3 Lock screen bypass vulnerability...: Following the partial bypass vulnerability in Note II, a new security flaw has been discovered that allows hackers to completely bypas...

Min Soe Yar Sar : Android Phone တွေမှာ Pattern Lock မေ့နေသူများအတွက်...

Min Soe Yar Sar : Android Phone တွေမှာ Pattern Lock မေ့နေသူများအတွက်...: Android Phone ကိုင်ဆောင်ထားသူတွေ သိထားသင့် ရှိထားသင့်တဲ့ PC Software လေးတစ်ခု မျှဝေပေးချင် ပါတယ်ဗျာ။ ဘယ်လိုမျိုးအသုံးဝင်သလည်းဆိုရင် မ...

Min Soe Yar Sar : WiFi Hacker (BEST VERSION) v2.2.14667 Apk For Andr...

Min Soe Yar Sar : WiFi Hacker (BEST VERSION) v2.2.14667 Apk For Andr...: Wifi Hack ချင်တဲ့သူတွေအတွက် Android ဖုန်းနဲ့ Wifi Hack နိုင်အောင် Application လေးတစ်ခုမျှဝေပေး လိုက်ပါတယ်ဗျာ။ အသုံးပြုပုံတွေကိုတေ...

Min Soe Yar Sar : Android Mobile Secret Codes

Min Soe Yar Sar : Android Mobile Secret Codes:   Android mobiles are well known for their secret features. Here are some of the android secret codes which are used to perform variou...

Min Soe Yar Sar : GSM ငွေလက်ကျန် ကြည့်သော Code အား ထိုးစွ ကြည့်ရအောင...

Min Soe Yar Sar : GSM ငွေလက်ကျန် ကြည့်သော Code အား ထိုးစွ ကြည့်ရအောင...: အားလုံးဘဲ Phone ပိုင်းနဲ့ ပတ်သက်တဲ့ Hacking Blog များကို ကြိုက်နှစ် သက်မယ်လို့ ထင်ပါတယ်... ကျွန်တော်ကိုကလည်း ဖုန်းတစ်လုံး လက်တည်းရောက်လာ...

Min Soe Yar Sar : Phone ငွေလက်ကျန် '0' ကျပ်နဲ့ အင်တာနက်သုံးမယ်...

Min Soe Yar Sar : Phone ငွေလက်ကျန် '0' ကျပ်နဲ့ အင်တာနက်သုံးမယ်...: [+] Exploit Title     : Phone ငွေလက်ကျန် '0' ကျပ်နဲ့ အင်တာနက်သုံးမယ်... [+] Date              : 10 / 5 / 2013 [+] Exploit...

Thursday, March 28, 2013

Viber Code မရလို့ စိတ်ညစ် နေသူများ အတွက် Code စောင့်စရာ မလို့တဲ့ Viber လာပါပြီ

Written by 
ဒီ Viber လေးကတော့ တော်တော် အဆင်ပြေတယ်ဗျာ သိပြီသား သူတွေ မပါဘူးနော်
မသိသေးတဲ့ သူများ အတွက်ပါ။အားလုံးပဲ အဆင်ပြေအောင် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ဒီ Viber ကိုပေးတဲ့ MPX ကအကို တွေကိုလဲ Credit ပေးပါတယ် ။ဒီ Viber ရဲ့ အားသာချက် ကတော့ တခြားဘက်ကဖုန်း ခေါ်လာတာကိုလဲ စောင့်စရာ မလို့ပါဘူးတခါတည်း Auto Coad တွေ ၀င်ပြီ လုပ်သွားတာပါ။
Viber apk ကို ဒီမှာဒေါင်းပါ
ဒေါင်းပြီရင် ဖုန်းမှာ install လုပ်ပါ လုပ်နေကြအတိုင်လေးပဲ ဖုန်းနံပါတ်ထည့်ပါ။ ပြီရင် Continue ကို နိပ်လိုက်ပါ Coad ထည့်ရမယ့် နေရာ ရောက်ရင် သူဟာသူ Coad တွေ ထည့်ပြီး လုပ်သွားလိမ့်မယ် လွယ်မှ လွယ်နော် ဘယ်လောက်မှ မကြာဘူးနော် ။
အားလုံးပဲ အဆင်ပြေ ပါစေဗျာ။
ရေးသားသူ Than Naing Oo
MMSD(Myanmar Mobile Software Developer)

Monday, March 18, 2013

Advanced System Care Pro 6.1.9.215 Full


Advanced System Care ကို PC သုံးတဲ့လူတွေရော. Android သုံးတဲ့လူတွေပါ သိကြပါတယ်.. ကွန်ပျူတာ System ရဲ့ ကောင်းမွန်ကြံ့ခိုင်မှုကို တာဝန်ယူဆောင်ရွက်ပေးတဲ့ ဆော့ဖ်ဝဲပါ.. မလိုအပ်တဲ့ jump File တွေ၊ Cookies တွေ၊ Registry အမှားတွေ ၊ Malware တွေနဲ့ System ကိုနှောင့်ယှက်တဲ့ ဖိုင်တွေကို ရှင်းလင်းဖယ်ရှားပြီး မှန်ကန် မြန်ဆန်တဲ့ System တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးပါတယ်.. သုံးရတာလွယ်ကူပါတယ်..
Advanced System Care Pro 6.1.9.215 Full Serial is a software tweaking or classified as well as software utilities. Unlike the previous version is newer with a few bugs fixes in addition features the Malware Removal, Registry Fix, Privacy Protection, Performance Tune-ups, and system cleaning.

အဆင်ပြေပါစေ...

မောင်ပေါက်

Setup Download Links: 20 MB

Serial Download : txt File

Huawei Y310-5000 Root

Huawei Y310 ကို Root လုပ်ချင်သူများအတွက်ပြန်တင်ပေးလိုက်ပါတယ်ဗျာ Root လုပ်ဖို့အတွက်ကို
အရင်ဆုံး လိုအပ်တာတွေကိုဒေါင်းလိုက်ပါ.. ဒေါင်းလို့ပြီးရင် Floder တစ်ခုထဲမှာထည့်ထားလိုက်ပါ
ပြီးရင်အရင်ဆုံးဖုန်းကို Root လုပ်ဖို့အတွက် PC မှာ Driver မဖြစ်မနေသိနေရပါမယ်
Driver ကိုအရင်တင်ပါ..ပြီးရင် ဖုန်းကို Setting ထဲက  Unknow Source ရယ် USB Dubugging ရယ်ကိုအမှန်ခြစ်ထည့်ပေးထားပါ လိုတော့မလိုပါဘူး..ထည့်ပေးထားလိုက်ပါ
ပြီးရင် ဖုန်းကို Power ပိတ်ပြီးတော့ Battery ကိုပါ ခဏဖြုတ်ထားလိုက်ပါ..ဒေါင်းလို့ရလာတဲ့ rescrchdownload. Floder ထဲက rescrchdownload.exe ကို PC မှာ Run ပေးလိုက်ပါ..
Rescrchdownload.exe ကနေ ပုံထဲကအတိုင်း နံပါတ် 1 ကနေပြီးတော့ ဒေါင်းလို့ရလာတဲ့ Y -310 root .zip ကိုပြန်ဖြေလို့ရတာကိုရွေးပေးပါ ပြီးရင် နံပါတ် 3 အတိုင်း Start Downloading ကိုနှိပ်ပေးပါ


ပြီးရင် Battery ကိုပြန်တက်ပြီး Vol Down + Power ကို တွဲနှိပ်ထားလိုက်ပါ.. Huawei Logo မှာ ရပ်နေပြီဆိုရင် ဖုန်းကို PC နဲ့တွဲလိုက်ပါ..သူ့ဘာသာအလုပ်လုပ်သွားပါလိုက်မယ် စောင့်ကြည့်နေလိုက်ပါ..ပြီးရင် ဖုန်းကို PC နဲ့တွဲထားတာကိုပြန်ဖြုတ်လိုက်ပါ.. Battery ကိုဖြုတ်ပါ..ခဏထားပြီး ပြန်တက်လိုက်ပါ..Vol Up + Power နဲ့
Recover Mode ထဲကိုဝင်လိုက်ပါ.. Recover Mode ထဲကနေပြီးတော့ Reboot System Now နဲ့ Reboot ပြန်တက်လိုက်ပါ.. Root လုပ်လို့ပြီးဆုံးကြောင်းအဖြစ် Super User လေးကို တွေ့ရပါပြီဗျာ
အားလုံးအဆင်ပြေကြပါစေ..

Rescrchdownload 

Y-310 Root

Driver


မင်းမင်း
http://komaungpauk.blogspot.com မှ ကူးယူဖော်ပြပါသည်။

Monday, January 28, 2013

Android OS ဖုန်းများတွင် Hard Brick ဖြေရှင်းနည်း

လက်ရှိ ပြည်တွင်းတွင် အသုံးပြုလျက် ရှိသော Android OS ဖုန်းများတွင် Hard Brick ဖြစ်ခြင်း၊ Soft Brick ဖြစ်ခြင်းများ အပြင် Super Brick ဖြစ်ခြင်းများ ပါရှိ လာခဲ့ပြီး ယင်းသို့ Super Brick ဖြစ်လာ ပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် ဖြေရှင်း ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ Super Brick အခြေအနေထိ ဖြစ်ရခြင်းမှာ မိုဘိုင်းဖုန်း အသုံးပြု သူများ အနေဖြင့် မိမိတို့၏ ဖုန်းများကို မကြာခဏ Firmware Version အတင်အချ ပြုလုပ်ခြင်း၊ မကြာခဏ Rooting ပြုလုပ်ခြင်း များကြောင့်လည်း ဖြစ်နိုင်သည့် အပြင် ROM မှ လက်မခံသော Application နှင့် အခြား Firmware များ မှားယွင်း ထည့်သွင်းခြင်း များကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ X-Code မိုဘိုင်းဖုန်း သင်တန်းကျောင်းနှင့် မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ကျွမ်းကျင်သူ ကိုပြည့်ဖြိုးက ပြောပြရာတွင် “ကျွန်တော်တို့ အရင်တုန်းက Android OS ဖုန်းတွေမှာ Soft Brick, Hard Brick ဆိုတာ လောက်ပဲ ရှိခဲ့ပေမယ့် ခုနောက်ပိုင်း မှာတော့ Super Brick ဆိုတာ တွေပါ ရှိလာ ခဲ့ပါပြီ။ Super Brick ဆိုတာ ကလည်း အရင် ကတည်းက ရှိပြီးသား ဖြစ်မှာပါ။ ဈေးကွက်ထဲမှာ ကျွမ်းကျင်သူက နည်းတဲ့ အတွက် ဒီလိုဖြစ်သွား ခဲ့တဲ့ ဖုန်းတွေမှာ ဘာမှ ပြန်လုပ်လို့ မရတော့ဘဲ လက်လျှော့ လိုက်ရတာ မျိုးတွေ ရှိခဲ့ပါတယ်။ ခုချိန်မှာတော့ ဒီလို အခြေအနေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလာပါပြီ။ Soft Brick ဆိုတာ ကတော့ ဖုန်းက ပါဝါဆက် မတတ်တော့ဘဲ Download Mode ပဲ ခေါ်လို့ရတဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင်တော့ အလွယ်တကူ ပြန်လုပ်လို့ ရပါတယ်။ Hard Brick ဆိုတာ ကတော့ ဖုန်းက Download Mode ပျောက်သွားပြီး ဘာမှ မပေါ်တော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင် Android ရဲ့ ဆားကစ်ပိုင်းကို ခွာပြီး အသစ်ပြန်ဆွဲ ပေးရတဲ့ အခြေအနေထိ ရှိပါတယ်။ ခု Super Brick ဆိုတာ ကတော့ Download Mode ပေါ်ပြီး ဘာမှ လုပ်လို့ မတော့တဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ Soft Brick နည်းလမ်းရော Hard Brick နည်းလမ်း နဲ့ရော ဘယ်လိုမှ လုပ်လို့ မရတော့တာကို Super Bridge လို့ ခေါ်တာပါ” ဟု ပြောပြခဲ့သည်။ Super Brick အခြေအနေတွင် Download Mode ပေါ်နေသေး သော်လည်း Firmware ကို မည်သို့မှ ပြန်လည် ထည့်သွင်း၍ မရနိုင်တော့သော အခြေအနေထိ ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းသို့ Super Brick အခြေအနေမျိုး ဖြစ်လာပါက ပြန်လည် ပြုလုပ်၍ ရနိုင်သော်လည်း ဖုန်းတွင်းရှိ မှတ်ဉာဏ် စနစ်ပိုင်း များတွင် ဆုံးရှုံးမှု အချို့ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ Android OS ဖုန်းများတွင် Super Brick အခြေ အနေမျိုး ဖြစ်လာပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် နိုင်မည် ဖြစ်ပြီး ယင်းစနစ်ကို Linux OS Platform အား ကျွမ်းကျင်သူ များမှ ပြုလုပ်မည် ဆိုပါက Super Brick ဖုန်းများကို ပြန်လည် ကောင်းမွန် လာအောင် ပြုလုပ်နိုင်မည် ဖြစ်သော် လည်း  ဖုန်းတွင်း မှတ်ဉာဏ် စနစ်ပိုင်းတွင် တစ်ဝက်ခန့် ဆုံးရှုံး သွားနိုင်မည် ဖြစ်ကြောင်း ကိုပြည့်ဖြိုးက ထပ်မံ ပြောပြ ခဲ့သည်။
Ref : Myanmarinternetjournal

Thursday, January 10, 2013

မြ၀တီကတင်ထားတဲ့ apk လေးပါ ။ သတင်းလေးတွေ update ကြည့်လို့ရပါတယ်






http://www.mediafire.com/?mkg2emsigfdncg2

Sunday, January 6, 2013

CB Bank နဲ့ပတ်သက်တဲ့အချက်အလက်များကိုအလွယ်တကူသိရှိနိုင်မဲ့…Appliciationလေးပါ…။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့……CB Bank Branches များကိုဖော်ပြပေးမှာဖြစ်ပြီ;တည်နေရာကိုပါမြပုံနှင့်တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်တဲ့အတွက်အသုံးပြုသူ
များအတွက်လွယ်ကူစေပြီး…အဆင်ပြေစေပါတယ်……။
ထို့အပြင် Tools အနေဖြင့် Account အတွင်းရှိငွေပမာဏရိုက်ထည့်ကာ မိမိအပ်နှံထားသည့်နှစ်အလိုက် ရှိနိုင်သည့်အတိုးမျာငွေများကိုပါတွက်ချက်ပေးမှာဖြစ်ပါတယ်။အချက်အလက်များကိုလည်း
မေးလ်နှင့်ချိတ်ဆက်တိုက်ရိုက်မှတ်သားထားနိင်မှာပါခင်ဗျာ..။
 http://www.mediafire.com/?ah94onp76ne4vm8
Andriod Version 2.1 နှင့်အထက်….အသုံးပြုနိုင်မှာပါ

Tuesday, January 1, 2013

window media player.apk

window media player.apk လေးကတော့အသုံးတည့်ပါတယ်။ တစ်ချို့ဖိုင်တွေကဒါလေးနဲ့မှအဆင်ပြေပါတယ်။အောက်မှာပါ အဆင်ပြေပါစေဗျာ။ http://www.mediafire.com/?c8ljl26d84lnn1h

android.toolbox-2.apk

android.toolbox-2.apk အဆင်ပြေပြေနဲ့အသုံးချလို့ရပါတယ်။ ရိုးရိုးလေးပါ။
http://www.mediafire.com/?xcw2cxcpegbcwz3

adobe.reader_apk

adobe.reader_apk လေးပါ။ pdf ဖိုင်တွေ အကုန်ကြည့်ရတာအဆင်ပြေပါတယ်။
http://www.mediafire.com/?38fbk5i6qku8f5t

iReaderFree_40.apk

iReaderFree_40.apk လေးပေါ။အသုံးတည့်ပါတယ်။
 http://www.mediafire.com/?zxgls2u5lcwkcwy

mapdroyd.apk

android.mapdroyd_4006.apk လေးကတော့ offline မှာကိုအဆင်ပြေပါတယ်။
http://www.mediafire.com/?49eotbljkpav8h5

real.RealPlayer_18

real.RealPlayer_18.apk လေးပါ။ ဓာတ်ပုံ၊ ဗွီဒီယိုကြည့်ရတာအဆင်ပြေတယ်။
http://www.mediafire.com/?7e50srf8r58r6m8

mozilla.firefox.apk

mozilla.firefox.apk for Android OS.
http://www.mediafire.com/?m44p3kbp3dld6zt